2

Way to Productive Life Style

 9 months ago
source link: https://aungkoman.github.io/howto/2023/07/11/way-to-productive-life-style.html
Go to the source link to view the article. You can view the picture content, updated content and better typesetting reading experience. If the link is broken, please click the button below to view the snapshot at that time.

Way to Productive Life Style

အလုပ်တွင်သော ဘဝလို့ပြောရမလား။

တစ်နေ့ တစ်နေ့ ကိုယ့်ကိုယ်ကို အလုပ်တွင်တယ်လို့ ခံစားရဖို့ ဘာလုပ်ကြမလဲ?

ကိုယ်လုပ်နိုင်သလောက်ကို စာရင်းချရေးထားပြီး ပြီးအောင် လုပ်တာမျိူး။

တစ်နေ့ တစ်နေ့ လမ်းတွေပျောက်။

အားမလို အားမရဖြစ်။ အလုပ်ကြမလုပ် :P

ခုရေတွင်းတူး အခုရေကြည်သောက်ချင်

စိတ်ရှည် သည်းခံဖို့ စိတ်မရှည် သည်းမခံ အလိုလောဘကြီး။

ပညာတက်အောင်သင်။ ပညာကို

To Do List မရေးတာ

ရေးလည်း Priority စီမထားတာ

မနိုင်အင်ကာတွေ ချရေးတာမျိုး။

ဒါတွေက Productive မဖြစ်နိုင်ဘူး။

ကိုယ့်ကိုယ်ကို Push လုပ်ရမယ်ဆိုပေမယ့် သွားရမယ့် Acceleration က တစ်ယောက်နဲ့တစ်ယောက်မတူတော့ ကိုယ့်အတိုင်းအတာ ကိုယ်သိပါ။

အသစ်တွေလည်း ဖတ်ချင်တယ် လက်ရှိသုံးနေတာကိုလည်း Indepth သိချင်တယ်။ အဲ ပိုက်ဆံလည်း ရှာချင်တယ်။ ခက်ပြီပေါ့။

ဒါတွေအကုန်လုပ်လို့ရတာတော့ လေ့လာပြီး ပြန်လည်မျှဝေတာမျိုးပဲ။

စိတ်နေစိတ်ထား ကလည်း အရေးကြီးတယ်။

အကုသိုလ်များနေတဲ့ စိတ်နဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။​ကိုယ့် Professional ကိုပဲ​အာရုံစိုက်၊ ဝမ်းစာဖြည့်။

ပျင်းတယ်

လုပ်ရမယ့်အလုပ်က များလွန်းတဲ့အခါ ပျင်းလာတယ်။​ဘာလုပ်လုပ်အရာမရောက်ပါဘူးကွာလို့ ထင်လာပြီး ဘာမှ မလုပ်ဖြစ်တော့ဘူး။ ကြီးတဲ့ Task တွေကို တစ်နာရီ / နာရီဝက် အပိုင်းလောက်လေး ခွဲချနိုင်ရင် မဆိုးဘူး။​ မဟုတ်လို့ကတော့ အဆိုးသံသရာထဲက ရုန်းထွက်လို့ လွတ်မှာ မဟုတ်ဘူး။

မပျင်းနဲ့လို့ မပြောပဲ ပျင်းစရာမကောင်းတဲ့ Task အသေးလေးတွေ ခွဲပြီး Tomado လိုမျိုး 25 min break လေးတွေနဲ့ သက်ဆိုင်ရာ Time Frame အတွင်း ပြီးနိုင်တဲ့ အလုပ်လေးတွေ ခွဲထုတ်တာမျိုး လုပ်ရမယ်။

ရောက်တာရာရာတွေ လုပ်တယ်။

ဖွင့်ထားတဲ့ Youtube Suggestion ကို ကြည့်ပြီး တောရှာတောင်ရှာ တောင်စဉ်ရေမရ Google မှာရှာ။

ပျင်းတာ

ဒါကတော့ ပလိန်းကြီးကို ပျင်းတာ တကယ်ကို အပျင်းကြီးပြီး ဘာမှ မလုပ်ချင်တာမျိုး။ လုပ်စရာတွေ တစ်ပုံတစ်ပင်ရှိနေလဲ​ဘာတစ်ခုမှ​မလုပ်တာမျိုး။

မိုတီဗေးရှင်း

ကိုယ်လိုချင်တဲ့ Electronic Device တွေရမယ်ဆိုရင်တော့ တက်ကြွတယ် ဆိုရမယ်။ ဒါဆိုလည်း ဒီ​ပရောဂျက်က Meta Quest 2 ဝယ်ဖို့။ ဒါမျိုး မှန်းထားရင်တော့ အဆင်ပြေမလားမသိ။

စိတ်တည်ငြိမ်အေးချမ်းအောင် ပါနပါန မှတ်

ဒါမှပဲ ချမ်းသာအစစ်ကို ရနိုင်မယ်။

မဖြစ်နိုင်ပါဘူးဆိုပြီး စိတ်ဓာတ်ကျ

Holding Negative View Fixed Mindset ကို ပိုင်ထားတယ်။ ဘာပဲ​စဉ်းစားစဉ်းစား မဖြစ်နိုင်ဘူးဆိုတာက အရင် တွေးပြီး စိတ်ဓာတ်တွေကျ။

မှန်တယ် မင်းရဲ့ လက်ရှိ အရည်အချင်းနဲ့ မဖြစ်နိုင်ဘူး။​ ဒီတော့ ဖြစ်မြောက်အောင် လုပ်ဖို့ဆိုရင် လိုအပ်တဲ့ အရည်အချင်း နဲ့ ကြိုးစားအားထုတ်မှု ရှိရမယ်။

ကြိုးတောင် မကြိုးစားသေးဘူး ဘေးထိုင် ဘုပြောပြီး ဒီပျက်ရှင် ဝင်နေတာတော့ အဆင်မပြေဘူးပေါ့။

Written on July 11, 2023

About Joyk


Aggregate valuable and interesting links.
Joyk means Joy of geeK